နေမထွက်တဲ့ ဆောင်းမနက်
ကောင်းကင်ကြီးက အငြိုးကြီးစွာအန်ချ
နှင်းတွေ ဖြိုင်ဖြိုင်ကျလို့ပေါ့
အေးချမ်းတဲ့ အရုဏ်ဦး
အလင်းက ပျို့ပျို့ မှာ
ကျွန်တော့်ရဲ့ ဗီးနပ်စ်နဲ့
ခဏတွေ့လိုက်ရတယ်
ပန်းတွေတောင် လှိုင်လှိုင်ပွင့်ပေါ့
အချိန်ဆိုတဲ့အရာ
အမြဲနှောင့်ယှက်
ဖြစ်နိုင်ရင် ခဏရပ်ထားချင်ပါရဲ့
ကျွန်တော်တို့ တွေ့ကြတဲ့အခိုက်
ရုပ်မမြင် အသံမကြားရပေမယ့်
ချစ်သူရေးတဲ့စာ
ဖတ်ရရင် တစ်လောကလုံးမေ့
အသိစိတ်ကင်းကွာလို့
အချစ်ဆိပ် တရိပ်ရိပ်တက်ပေါ့
ကျောင်းသွားချိန်ကျလာပြန်တော့
နှလုံးသားက ဟောင်းလောင်း
စိတ်ကနတ္ထိနဲ့
ဒီခန္ဓာသယ်လို့ ကျွန်တော်
ကျောင်းကိုလာခဲ့ရတယ်
ချစ်သူ သိပါလေစ
မိုင်ဘယ်လောက် ဝေးပါစေ
နှလုံးသားချင်း နီးခွင့်ရတဲ့ဘ၀မှာ
ကျွန်တော်ပျော်ပါတယ် ချစ်သူ
No comments:
Post a Comment