နှစ်ယောက်တစ်ကမ္ဘာ အတူတည်ဆောက်
အတူလျောက်ခဲ့ လမ်းများစွာ
တစ်ခုကိုတစ်ဦး ကြင်နာယုယဖေးမ
ဒုက္ခနဲ့သုခ မျှဝေရင်း
တွဲလက်တွေ ခိုင်ခိုင်မြဲလျက်ပေါ့
မက်ကောင်းတုန်း အိပ်မက်
အခိုးခံလိုက်ရတယ်
ဒဏ်ရာရသားရဲလို လူးလွန့်နိုးထ
ပဲတင်သံမဲ့ အကြိမ်ကြိမ်အော်ဟစ်
ငါကမ္ဘာမှာ
ကောင်းကင်တွေ အထပ်ထပ်ပြို
မြေပြင်မှာ တောလဲ
မီးတောင်တွေ အကြိမ်ကြိမ်ပေါက်လို့
ပင်လယ်ပြင် မုန်တိုင်းထန်
ငါ့နှလုံးသားအိပ်မက် ကြေပျက်ခဲ့တယ်
မင်းရှေ့ မှာ အပြုံးတစ်ခုနဲ့ ဖုံးကွယ်လို့
နှလုံးသားမှာ အထပ်ထပ်ငို
ငါ့ကမ္ဘာငရဲကျခဲ့တာ
မင်းမသိစေချင်ဘူး
No comments:
Post a Comment