Sunday, December 26, 2010

ကဗျာ ၁

ငါဟာ ပန်းချီဆွဲတာကိုရွေးချယ်လိုက်တဲ့ နေ့ကစပြီး
တစ်ရက်ပြီးတစ်ရက် ပုံတွေဆွဲခဲ့တာပေါ့...
ငါလမ်းမကြီးကိုကြည့်ပြီး
ပထမဆုံး ပန်းချီကားတစ်ခုဖန်တီးခဲ့တယ်...
နောက် ကောင်းကင်နဲ့လမင်းကြီးကိုကြည့်ပြီး
ပန်းချီကားတွေဖန်တီး ခဲ့သေးတယ်
ငါ့အခန်းနံရံတွေကြည့်ပြီး
ငါပုံတွေဆွဲခဲ့တယ်...
ငါသွားနေကျ နေရာတွေကိုလည်း
ငါအသက်သွင်းခဲ့ တယ်...
ငါနားထောင်နေကျသီချင်းတွေကို
ပုံဖော်ခဲ့တယ်...
ဒီလိုနဲ့ ငါပန်းချီကားတွေများလာတဲ့ တစ်နေ့....
ငါ့အခန်းထောင့်မှာ ပန်းချီကားတွေပုံလာတဲ့ တစ်နေ့...
တစ်နေ့... ... ...ငါသတိထားမိခဲ့တဲ့ တစ်နေ့
ငါ့ပန်းချီကားတွေမှာ ဘာစုတ်ချက် မှ မရှိခဲ့ဘူး

No comments:

Post a Comment