Thursday, December 30, 2010

အမေ

မဝေးတဲ့အနာဂတ်မှာ
မျှော်လင့်ချက်ပန်းတိုင်
ရောက်ခါနီးပြီမို့
အားတင်းရင်းရှေ့ဆက်
မနက်ဖြန်ဆိုတဲ့ တစ်နေ့နေ့မှာ
အိမ်ပြန်ရတော့မယ်....
ဝေးကွာသွားမှ ပိုသိခဲ့ရတဲ့
အမေ့ရဲ့နွေးထွေးမှု
အမေ့အိမ်ရဲ့ လုံခြုံမှုတွေ
သား ပိုသိရတယ် အမေ...
သားအတွက် ကျခဲ့ရမျက်ရည်
အချည်အနှီးမဖြစ်စေဖို့
အထပ်ထပ်သတိပေးရင်း
မနက်ဖြန်ဆိုတဲ့ လမ်းကိုလျောက်ရင်း
အမေ့ရဲ့သောကတွေ ငြိမ်းသတ်ပေးဖို့
သားအရောက်ပြန်ခဲ့မယ်

Monday, December 27, 2010

နားလည်တတ်ခြင်း

သန်းခေါင်ယံညတွေကို ထွေးပွေ့ပြီး
ငါတစ်ယောက်ထဲအိပ်စက်ရတာများပြီ....
မိုးသားကောင်းကင်ကြီး အောက်မှာ
ငါတစ်ယောက်ထဲအထီးကျန်တဲ့နေရက်တွေများပြီ ချစ်သူ....
နှင်းတွေကြားမှာ ငါတစ်ယောက်တည်း
လွမ်းရတာလည်း မောပြီကွယ်...

မိုးရွာတိုင်းလဲ အရင်လိုမငိုတော့ပါဘူး
မလိုတော့ပါဘူး
ရီဝေနေတဲ့အပြုံးတွေ
မှောင်မိုင်းနေတဲ့နာရီတွေနဲ့
သစ္စာမရှိတဲ့နားလည်မှု့တွေက
နားထဲမှာကန့်လန့်ပဲ....
အသားထဲမှာ စိုက်ဝင်နေတဲ့
အရောင်တွေက တမြည့်မြည့်နဲ့
ငါ့ကိုကျီစားနေသလိုပဲ...
ဘေးနားမှာကြည့်ကြည့်နေတတ်တဲ့
ကာလာတွေကလည်း
နေရာတစ်ကာ အနှောက်အယှက်ပေးပြန်တယ်...
နီးစပ်ဖို့လည်း မဝေးချင်ဘူး..
ဝေးဖို့လည်း မနီးချင်ဘူး...
ငါ့ရဲ့စိတ်ခံစားချက်
ငါ့ရဲ့သက်ဝင်မှု့တွေကို
မဖော်ပြဘူးဆိုရင်တောင်
ကဗျာဆရာနားလည်ပေးပါ...။

Sunday, December 26, 2010

စည်းခြားထားတဲ့ ဆုံနိုင်ခွင့်

အပြုံးတွေရဲ့နောက်ကွယ်က
ခံစားချက်တွေကို ဖတ်မိပါတယ် ကို
နားလည်မှု့တွေရဲ့နောက်က
ဂရုစိုက်မှု့တွေကိုလည်းမြင်မိပါတယ် ကို
သဘောထားကြီးမှု့တွေရဲ့နောက်ကွယ်က
စိုးရိမ်မှု့တွေကိုလည်းတွေပါတယ် ကို
စွန့်လွတ်ခြင်းတွေရဲ့နောက်ကွယ်က
နှလုံးသားကိုလည်း တွေ့ပါတယ် ကို
တစ်နေ့မှာ နှစ်ယောက်အတူလက်တွဲပြီး
အပြုံးကိုယ်စီရှိနိုင်တဲ့နေ့တစ်နေ့ရောက်နိုင်ပါ့မလား.....ကို

ပင်လယ်ရဲ့ နံနက်ခင်း

ဒီအချိန်ဆို
ပျော်ရွှင်မှု့တွေပေးတတ်တဲ့
င့ါရဲ့ပင်လယ်ပြင်ကြီး ချမ်းနေပြီပေါ့...
ပြီးခဲ့တဲ့နွေအချိန်က
ပျော်မြူးတတ်တဲ့
အဖြူရောင်ကောင်းကင်ကြီး
ဘယ်ဆီရောက်နေပြီလဲ...
အေးစက်တဲ့အပြုံးတွေနဲ့
ခဲနေတဲ့သက်ရှိတွေကြားမှာ...
ချမ်းလှပြီ...
ချမ်းတဲ့ဆောင်းရာသီမနက်တွေ
အမြန်ကုန်ပါတော့....

ကဗျာဆရာအတွက်တောင်းဆု

မိုးသားရောင်စဉ်ချစ်သူရင်ခွင်ကိုလင်းစေသား
သမုဒ္ဒရာရေကြည်ချစ်သူရင်ခွင်ကိုအေးစေသား
ရင်ဘတ်တစ်နေရာက ချစ်သူကဗျာဆရာကို
ကျောခိုင်းနှုတ်ဆက် မျက်ကွယ်ပြုလည်း
ရင်ဘတ်ထဲက ငါ့မေတ္တာ
သူ...အသိအမှတ်ပြုပါစေ။

ကွာခြားတဲ့အချိန်တွေနဲ့ အတူ
ကွာဝေးလှတဲ့ရင်ခုန်သံတွေ
သူစိမ်းဆန်ဆန် ဒီသွေးရောင်အသားတစ်ခု
မျက်လွှာချပြီး ငါထုတ်ပေးမယ်ဆိုရင်
အဝေးတစ်နေရာက ငါ့ချစ်သူ
သူ....အသိအမှတ်ပြုပါစေ။

အဝေးတစ်နေရာက
ငါ့ဝိညာဉ်ရဲ့ ငိုရှိုက်သံနဲ့အတူ
သူ့ရဲ့အဖြူရောင်လိပ်ပြာလေးတွေ
ထပ်တူကျ သာယာနိုင်တဲ့တစ်နေ့
ဖြတ်ကျော်နိုင်ခဲ့ပြီဆိုရင်တော့
ချစ်သူပန်းချီဆရာ သူ...ပျော်ပါစေ။

လှည့်စား

တစ်ခါတစ်လေနင့်ကိုပူစေချင်လို့ ငါနေပူတယ်
တစ်ခါတစ်လေ ငါ့ကိုမမြင်စေချင်လို့ ငါတိမ်ထူတယ်
တစ်ခါတစ်လေ နင့်ကိုလွမ်းလို့ငါမျက်ရည်ကျတယ်
တစ်ခါတစ်လေ နင်နဲ့အဆင်ပြေလို့တိမ်ကင်းစင်တယ်
ဘယ်လိုပဲဖြစ်ဖြစ်အေးချမ်းတဲ့နင့်အတွက်
ငါပူလောင်မှု့တွေ မျက်ရည်တွေ အလွမ်းတွေ
ထပ်မပေးချင်တော့ဘူး
ငါချစ်တဲ့ပင်လယ်ပြင်ကြီး
အေးချမ်းသာယာပါစေတော့...

စိတ်ကူးရဲ့တစ်ခြားတစ်ဖက်ဆီက

ကြင်နာသူရင်ခွင်ခိုဝင်ချင်ပေမဲ့လည်း
ခြားထားတဲ့စည်းတွေက နှစ်ယောက်ကြားမှာ များလှတယ်
ယုယစွာ ထွေးပွေ့ထားချင်ပေမဲ့လည်း
သူလက်မခံမှာစိုးတဲ့ စိတ်တွေက ခြောက်လှန့်နေတယ်
ချစ်သူ့ လက်ကိုဆုပ်ကိုင်ချင်ပေမဲ့လည်း
တူညီစွာနားလည်မှု့မထားတော့ပါဘူး
အဝေးကပဲစိတ်ကူးတွေယဉ်လို့ပေါ့...