Sunday, December 26, 2010

ကဗျာ ၂

မနီးစပ်နိုင်ဘူးဆိုတာသိတယ်
ဒါပေမဲ့ ချစ်မိသွားခဲ့တယ်
ဆိုင်သူရှိလည်း နားလည်ပေးမိခဲ့တယ်
မပေါင်းစည်းနိုင်ဘူးဆိုတာသိတယ်
ဒါပေမဲ့ စိတ်ကူးတွေ တပွေ့တစ်ပိုက်ယဉ်ဖူးခဲ့တယ်
အဝေးကပဲတိတ်တိတ်လေးချစ်ရမယ်ဆိုတာ
နားလည်တယ်...
ဒါပေမဲ့ သူ့ဘေးမှာပဲရှိချင်ခဲ့တယ်
မပြောသင့်ဘူးဆိုတာ သိခဲ့တယ်
ဒါပေမဲ့ မမြိုသိပ်နိုင်ခဲ့ဘူး
သူ့စိတ်ထဲမှာသာ ရှိမယ်ဆို
ဝေးဝေးကပဲ တစ်ဖက်သတ်ချစ်ရမယ်ဆိုလဲ
ကျေနပ်ပါတယ်...
သူ့ကိုအရာရာနားလည်ပေးနိုင်တဲ့သူတစ်ယောက်အဖြစ်
သူ့ကိုနွေးထွေးမှု့ပေးနိုင်တဲ့လူတစ်ယောက်အဖြစ်
ပျော်ရွင်မှု့တွေပေးနိုင်တဲ့လူတစ်ယောက်အဖြစ်
အရာအရာဖြည့်စည်းပေးနိုင်တဲ့လူတစ်ယောက်အဖြစ်
ဘေးမှာရှိချင်ဆဲပဲ.....
အခုထိလည်း ရှိနေဆဲပဲ...
အပေါ်ယံအခေါ်အဝေါတွေပြောင်းလဲသွားရင်တောင်
အရင်ကချစ်ခဲ့တဲ့ပုံစံအတိုင်းချစ်နေဦးမှာပဲ...

No comments:

Post a Comment