မဝေးတဲ့အနာဂတ်မှာ
မျှော်လင့်ချက်ပန်းတိုင်
ရောက်ခါနီးပြီမို့
အားတင်းရင်းရှေ့ဆက်
မနက်ဖြန်ဆိုတဲ့ တစ်နေ့နေ့မှာ
အိမ်ပြန်ရတော့မယ်....
ဝေးကွာသွားမှ ပိုသိခဲ့ရတဲ့
အမေ့ရဲ့နွေးထွေးမှု
အမေ့အိမ်ရဲ့ လုံခြုံမှုတွေ
သား ပိုသိရတယ် အမေ...
သားအတွက် ကျခဲ့ရမျက်ရည်
အချည်အနှီးမဖြစ်စေဖို့
အထပ်ထပ်သတိပေးရင်း
မနက်ဖြန်ဆိုတဲ့ လမ်းကိုလျောက်ရင်း
အမေ့ရဲ့သောကတွေ ငြိမ်းသတ်ပေးဖို့
သားအရောက်ပြန်ခဲ့မယ်
Thursday, December 30, 2010
Monday, December 27, 2010
နားလည်တတ်ခြင်း
သန်းခေါင်ယံညတွေကို ထွေးပွေ့ပြီး
ငါတစ်ယောက်ထဲအိပ်စက်ရတာများပြီ....
မိုးသားကောင်းကင်ကြီး အောက်မှာ
ငါတစ်ယောက်ထဲအထီးကျန်တဲ့နေရက်တွေများပြီ ချစ်သူ....
နှင်းတွေကြားမှာ ငါတစ်ယောက်တည်း
လွမ်းရတာလည်း မောပြီကွယ်...
မိုးရွာတိုင်းလဲ အရင်လိုမငိုတော့ပါဘူး
မလိုတော့ပါဘူး
ရီဝေနေတဲ့အပြုံးတွေ
မှောင်မိုင်းနေတဲ့နာရီတွေနဲ့
သစ္စာမရှိတဲ့နားလည်မှု့တွေက
နားထဲမှာကန့်လန့်ပဲ....
အသားထဲမှာ စိုက်ဝင်နေတဲ့
အရောင်တွေက တမြည့်မြည့်နဲ့
ငါ့ကိုကျီစားနေသလိုပဲ...
ဘေးနားမှာကြည့်ကြည့်နေတတ်တဲ့
ကာလာတွေကလည်း
နေရာတစ်ကာ အနှောက်အယှက်ပေးပြန်တယ်...
နီးစပ်ဖို့လည်း မဝေးချင်ဘူး..
ဝေးဖို့လည်း မနီးချင်ဘူး...
ငါ့ရဲ့စိတ်ခံစားချက်
ငါ့ရဲ့သက်ဝင်မှု့တွေကို
မဖော်ပြဘူးဆိုရင်တောင်
ကဗျာဆရာနားလည်ပေးပါ...။
ငါတစ်ယောက်ထဲအိပ်စက်ရတာများပြီ....
မိုးသားကောင်းကင်ကြီး အောက်မှာ
ငါတစ်ယောက်ထဲအထီးကျန်တဲ့နေရက်တွေများပြီ ချစ်သူ....
နှင်းတွေကြားမှာ ငါတစ်ယောက်တည်း
လွမ်းရတာလည်း မောပြီကွယ်...
မိုးရွာတိုင်းလဲ အရင်လိုမငိုတော့ပါဘူး
မလိုတော့ပါဘူး
ရီဝေနေတဲ့အပြုံးတွေ
မှောင်မိုင်းနေတဲ့နာရီတွေနဲ့
သစ္စာမရှိတဲ့နားလည်မှု့တွေက
နားထဲမှာကန့်လန့်ပဲ....
အသားထဲမှာ စိုက်ဝင်နေတဲ့
အရောင်တွေက တမြည့်မြည့်နဲ့
ငါ့ကိုကျီစားနေသလိုပဲ...
ဘေးနားမှာကြည့်ကြည့်နေတတ်တဲ့
ကာလာတွေကလည်း
နေရာတစ်ကာ အနှောက်အယှက်ပေးပြန်တယ်...
နီးစပ်ဖို့လည်း မဝေးချင်ဘူး..
ဝေးဖို့လည်း မနီးချင်ဘူး...
ငါ့ရဲ့စိတ်ခံစားချက်
ငါ့ရဲ့သက်ဝင်မှု့တွေကို
မဖော်ပြဘူးဆိုရင်တောင်
ကဗျာဆရာနားလည်ပေးပါ...။
Sunday, December 26, 2010
စည်းခြားထားတဲ့ ဆုံနိုင်ခွင့်
အပြုံးတွေရဲ့နောက်ကွယ်က
ခံစားချက်တွေကို ဖတ်မိပါတယ် ကို
နားလည်မှု့တွေရဲ့နောက်က
ဂရုစိုက်မှု့တွေကိုလည်းမြင်မိပါတယ် ကို
သဘောထားကြီးမှု့တွေရဲ့နောက်ကွယ်က
စိုးရိမ်မှု့တွေကိုလည်းတွေပါတယ် ကို
စွန့်လွတ်ခြင်းတွေရဲ့နောက်ကွယ်က
နှလုံးသားကိုလည်း တွေ့ပါတယ် ကို
တစ်နေ့မှာ နှစ်ယောက်အတူလက်တွဲပြီး
အပြုံးကိုယ်စီရှိနိုင်တဲ့နေ့တစ်နေ့ရောက်နိုင်ပါ့မလား.....ကို
ခံစားချက်တွေကို ဖတ်မိပါတယ် ကို
နားလည်မှု့တွေရဲ့နောက်က
ဂရုစိုက်မှု့တွေကိုလည်းမြင်မိပါတယ် ကို
သဘောထားကြီးမှု့တွေရဲ့နောက်ကွယ်က
စိုးရိမ်မှု့တွေကိုလည်းတွေပါတယ် ကို
စွန့်လွတ်ခြင်းတွေရဲ့နောက်ကွယ်က
နှလုံးသားကိုလည်း တွေ့ပါတယ် ကို
တစ်နေ့မှာ နှစ်ယောက်အတူလက်တွဲပြီး
အပြုံးကိုယ်စီရှိနိုင်တဲ့နေ့တစ်နေ့ရောက်နိုင်ပါ့မလား.....ကို
ပင်လယ်ရဲ့ နံနက်ခင်း
ဒီအချိန်ဆို
ပျော်ရွှင်မှု့တွေပေးတတ်တဲ့
င့ါရဲ့ပင်လယ်ပြင်ကြီး ချမ်းနေပြီပေါ့...
ပြီးခဲ့တဲ့နွေအချိန်က
ပျော်မြူးတတ်တဲ့
အဖြူရောင်ကောင်းကင်ကြီး
ဘယ်ဆီရောက်နေပြီလဲ...
အေးစက်တဲ့အပြုံးတွေနဲ့
ခဲနေတဲ့သက်ရှိတွေကြားမှာ...
ချမ်းလှပြီ...
ချမ်းတဲ့ဆောင်းရာသီမနက်တွေ
အမြန်ကုန်ပါတော့....
ပျော်ရွှင်မှု့တွေပေးတတ်တဲ့
င့ါရဲ့ပင်လယ်ပြင်ကြီး ချမ်းနေပြီပေါ့...
ပြီးခဲ့တဲ့နွေအချိန်က
ပျော်မြူးတတ်တဲ့
အဖြူရောင်ကောင်းကင်ကြီး
ဘယ်ဆီရောက်နေပြီလဲ...
အေးစက်တဲ့အပြုံးတွေနဲ့
ခဲနေတဲ့သက်ရှိတွေကြားမှာ...
ချမ်းလှပြီ...
ချမ်းတဲ့ဆောင်းရာသီမနက်တွေ
အမြန်ကုန်ပါတော့....
ကဗျာဆရာအတွက်တောင်းဆု
မိုးသားရောင်စဉ်ချစ်သူရင်ခွင်ကိုလင်းစေသား
သမုဒ္ဒရာရေကြည်ချစ်သူရင်ခွင်ကိုေ အးစေသား
ရင်ဘတ်တစ်နေရာက ချစ်သူကဗျာဆရာကို
ကျောခိုင်းနှုတ်ဆက် မျက်ကွယ်ပြုလည်း
ရင်ဘတ်ထဲက ငါ့မေတ္တာ
သူ...အသိအမှတ်ပြုပါစေ။
ကွာခြားတဲ့အချိန်တွေနဲ့ အတူ
ကွာဝေးလှတဲ့ရင်ခုန်သံတွေ
သူစိမ်းဆန်ဆန် ဒီသွေးရောင်အသားတစ်ခု
မျက်လွှာချပြီး ငါထုတ်ပေးမယ်ဆိုရင်
အဝေးတစ်နေရာက ငါ့ချစ်သူ
သူ....အသိအမှတ်ပြုပါစေ။
အဝေးတစ်နေရာက
ငါ့ဝိညာဉ်ရဲ့ ငိုရှိုက်သံနဲ့အတူ
သူ့ရဲ့အဖြူရောင်လိပ်ပြာလေးတွေ
ထပ်တူကျ သာယာနိုင်တဲ့တစ်နေ့
ဖြတ်ကျော်နိုင်ခဲ့ပြီဆိုရင်တော့
ချစ်သူပန်းချီဆရာ သူ...ပျော်ပါစေ။
ရင်ဘတ်တစ်နေရာက ချစ်သူကဗျာဆရာကို
ကျောခိုင်းနှုတ်ဆက် မျက်ကွယ်ပြုလည်း
ရင်ဘတ်ထဲက ငါ့မေတ္တာ
သူ...အသိအမှတ်ပြုပါစေ။
ကွာခြားတဲ့အချိန်တွေနဲ့ အတူ
ကွာဝေးလှတဲ့ရင်ခုန်သံတွေ
သူစိမ်းဆန်ဆန် ဒီသွေးရောင်အသားတစ်ခု
မျက်လွှာချပြီး ငါထုတ်ပေးမယ်ဆိုရင်
အဝေးတစ်နေရာက ငါ့ချစ်သူ
သူ....အသိအမှတ်ပြုပါစေ။
အဝေးတစ်နေရာက
ငါ့ဝိညာဉ်ရဲ့ ငိုရှိုက်သံနဲ့အတူ
သူ့ရဲ့အဖြူရောင်လိပ်ပြာလေးတွေ
ထပ်တူကျ သာယာနိုင်တဲ့တစ်နေ့
ဖြတ်ကျော်နိုင်ခဲ့ပြီဆိုရင်တော့
ချစ်သူပန်းချီဆရာ သူ...ပျော်ပါစေ။
လှည့်စား
တစ်ခါတစ်လေနင့်ကိုပူစေချင်လို့ ငါနေပူတယ်
တစ်ခါတစ်လေ ငါ့ကိုမမြင်စေချင်လို့ ငါတိမ်ထူတယ်
တစ်ခါတစ်လေ နင့်ကိုလွမ်းလို့ငါမျက်ရည်ကျတယ်
တစ်ခါတစ်လေ နင်နဲ့အဆင်ပြေလို့တိမ်ကင်းစင် တယ်
ဘယ်လိုပဲဖြစ်ဖြစ်အေးချမ်းတဲ့နင့် အတွက်
ငါပူလောင်မှု့တွေ မျက်ရည်တွေ အလွမ်းတွေ
ထပ်မပေးချင်တော့ဘူး
ငါချစ်တဲ့ပင်လယ်ပြင်ကြီး
အေးချမ်းသာယာပါစေတော့...
တစ်ခါတစ်လေ ငါ့ကိုမမြင်စေချင်လို့ ငါတိမ်ထူတယ်
တစ်ခါတစ်လေ နင့်ကိုလွမ်းလို့ငါမျက်ရည်ကျတယ်
တစ်ခါတစ်လေ နင်နဲ့အဆင်ပြေလို့တိမ်ကင်းစင်
ဘယ်လိုပဲဖြစ်ဖြစ်အေးချမ်းတဲ့နင်
ငါပူလောင်မှု့တွေ မျက်ရည်တွေ အလွမ်းတွေ
ထပ်မပေးချင်တော့ဘူး
ငါချစ်တဲ့ပင်လယ်ပြင်ကြီး
အေးချမ်းသာယာပါစေတော့...
စိတ်ကူးရဲ့တစ်ခြားတစ်ဖက်ဆီက
ကြင်နာသူရင်ခွင်ခိုဝင်ချင်ပေမဲ့ လည်း
ခြားထားတဲ့စည်းတွေက နှစ်ယောက်ကြားမှာ များလှတယ်
ယုယစွာ ထွေးပွေ့ထားချင်ပေမဲ့လည်း
သူလက်မခံမှာစိုးတဲ့ စိတ်တွေက ခြောက်လှန့်နေတယ်
ချစ်သူ့ လက်ကိုဆုပ်ကိုင်ချင်ပေမဲ့လည်း
တူညီစွာနားလည်မှု့မထားတော့ပါဘူး
အဝေးကပဲစိတ်ကူးတွေယဉ်လို့ပေါ့.. .
ခြားထားတဲ့စည်းတွေက နှစ်ယောက်ကြားမှာ များလှတယ်
ယုယစွာ ထွေးပွေ့ထားချင်ပေမဲ့လည်း
သူလက်မခံမှာစိုးတဲ့ စိတ်တွေက ခြောက်လှန့်နေတယ်
ချစ်သူ့ လက်ကိုဆုပ်ကိုင်ချင်ပေမဲ့လည်း
တူညီစွာနားလည်မှု့မထားတော့ပါဘူး
အဝေးကပဲစိတ်ကူးတွေယဉ်လို့ပေါ့..
ဆောင်းမနက်
နေမထွက်တဲ့ ဆောင်းမနက်
ကောင်းကင်ကြီးက အငြိုးကြီးစွာအန်ချ
နှင်းတွေ ဖြိုင်ဖြိုင်ကျလို့ပေါ့
အေးချမ်းတဲ့ အရုဏ်ဦး
အလင်းက ပျို့ပျို့ မှာ
ကျွန်တော့်ရဲ့ ဗီးနပ်စ်နဲ့
ခဏတွေ့လိုက်ရတယ်
ပန်းတွေတောင် လှိုင်လှိုင်ပွင့်ပေါ့
အချိန်ဆိုတဲ့အရာ
အမြဲနှောင့်ယှက်
ဖြစ်နိုင်ရင် ခဏရပ်ထားချင်ပါရဲ့
ကျွန်တော်တို့ တွေ့ကြတဲ့အခိုက်
ရုပ်မမြင် အသံမကြားရပေမယ့်
ချစ်သူရေးတဲ့စာ
ဖတ်ရရင် တစ်လောကလုံးမေ့
အသိစိတ်ကင်းကွာလို့
အချစ်ဆိပ် တရိပ်ရိပ်တက်ပေါ့
ကျောင်းသွားချိန်ကျလာပြန်တော့
နှလုံးသားက ဟောင်းလောင်း
စိတ်ကနတ္ထိနဲ့
ဒီခန္ဓာသယ်လို့ ကျွန်တော်
ကျောင်းကိုလာခဲ့ရတယ်
ချစ်သူ သိပါလေစ
မိုင်ဘယ်လောက် ဝေးပါစေ
နှလုံးသားချင်း နီးခွင့်ရတဲ့ဘ၀မှာ
ကျွန်တော်ပျော်ပါတယ် ချစ်သူ
ကဗျာ ၅
တို့ရဲ့ အချစ်ခရီး
မြွေတစ်ကောင်လို
တွန့်လိုက် ကောက်လိုက် ဖြောင့်လိုက် လိမ်လိုက်
ဒီခရီးကြမ်းမှာ
မှောက်လဲလို့မသွားအောင်
တစ်ယောက်ကို တစ်ယောက် ဖေးမလို့
တွဲလက်တွေ ခိုင်ခိုင်မြဲစို့။
အားမငယ်နဲ့ ချစ်သူ
တို့ဘေးမှာလဲ ကြည့်လိုက်
သူတို့လဲ တို့လိုပါပဲ
ရွှေပုံပေါ်မွေး
ရွှေခွက်နဲ့ စားဘ၀ မဟုတ်တော့လည်း
ဒုက္ခကိုပွေ့ဖက်နမ်းရှုံ့
ဘ၀ဟာ တူသားပေသားကျခဲ့ပေါ့။
ချစ်သူတိုင်း မနီးသလို
နီးသူတိုင်း မချစ်ကြဘူး
ချစ်ပြီးနီးကြဖို့ ဒီခရီးမှာ
တစ်ချို့ ချစ်သူတွေကျ လက်မြှောက်အရှုံးပေး
တစ်ချို့ချစ်သူတွေကျ မှောက်ရက်လဲကျ
တစ်ချို့ချစ်သူတွေကျ အဖော်ကွဲလို တ၀ဲလည်လည်နဲ့
တစ်ချို့ချစ်သူတွေကျ ဒုက္ခနဲ့တွေ့တော့မှ
သံယောဇဉ်ခမ်း အပြတ်လမ်းတဲ့
တစ်ချို့ကျပြန်တော့ ဘယ်လောက်ခက်ခဲပါစေ
ကူညီဖေမရင်းနဲ့ ဘ၀နဲ့ရင်းနဲ့ဒီတိုက်ပွဲမှာ
ဒူမထောက်စတမ်းတဲ့။
ချစ်သူ တို့တွေလဲ သူတို့လိုပဲ
ကြုံလာမယ့် ဒုက္ခတိုင်းမှာ
ယုံကြည်ချက်ကို ဦးတည်
နားလည်မှုကို ကိုင်စွဲ
သစ္စာနဲ့ ဒိုင်းကာလို့
မေတ္တာနဲ့ လမ်းဖောက်မယ်
လာခဲ့စမ်း ဒုက္ခ
အပြတ်တိုက်ထုတ်ကြမယ်
ဘယ်သူခွဲခွဲ မကွဲစတမ်း။
ယုံကြည်ထား ချစ်သူ
တစ်ချိန်မှာ တို့နှစ်ယောက်နီးရမယ်
ဒီလိုနဲ့ တရွေ့ ရွေ့
တစ်နေ့တစ်လံ ပုဂံဘယ်ရွှေ့ မလဲ။
မြွေတစ်ကောင်လို
တွန့်လိုက် ကောက်လိုက် ဖြောင့်လိုက် လိမ်လိုက်
ဒီခရီးကြမ်းမှာ
မှောက်လဲလို့မသွားအောင်
တစ်ယောက်ကို တစ်ယောက် ဖေးမလို့
တွဲလက်တွေ ခိုင်ခိုင်မြဲစို့။
အားမငယ်နဲ့ ချစ်သူ
တို့ဘေးမှာလဲ ကြည့်လိုက်
သူတို့လဲ တို့လိုပါပဲ
ရွှေပုံပေါ်မွေး
ရွှေခွက်နဲ့ စားဘ၀ မဟုတ်တော့လည်း
ဒုက္ခကိုပွေ့ဖက်နမ်းရှုံ့
ဘ၀ဟာ တူသားပေသားကျခဲ့ပေါ့။
ချစ်သူတိုင်း မနီးသလို
နီးသူတိုင်း မချစ်ကြဘူး
ချစ်ပြီးနီးကြဖို့ ဒီခရီးမှာ
တစ်ချို့ ချစ်သူတွေကျ လက်မြှောက်အရှုံးပေး
တစ်ချို့ချစ်သူတွေကျ မှောက်ရက်လဲကျ
တစ်ချို့ချစ်သူတွေကျ အဖော်ကွဲလို တ၀ဲလည်လည်နဲ့
တစ်ချို့ချစ်သူတွေကျ ဒုက္ခနဲ့တွေ့တော့မှ
သံယောဇဉ်ခမ်း အပြတ်လမ်းတဲ့
တစ်ချို့ကျပြန်တော့ ဘယ်လောက်ခက်ခဲပါစေ
ကူညီဖေမရင်းနဲ့ ဘ၀နဲ့ရင်းနဲ့ဒီတိုက်ပွဲမှာ
ဒူမထောက်စတမ်းတဲ့။
ချစ်သူ တို့တွေလဲ သူတို့လိုပဲ
ကြုံလာမယ့် ဒုက္ခတိုင်းမှာ
ယုံကြည်ချက်ကို ဦးတည်
နားလည်မှုကို ကိုင်စွဲ
သစ္စာနဲ့ ဒိုင်းကာလို့
မေတ္တာနဲ့ လမ်းဖောက်မယ်
လာခဲ့စမ်း ဒုက္ခ
အပြတ်တိုက်ထုတ်ကြမယ်
ဘယ်သူခွဲခွဲ မကွဲစတမ်း။
ယုံကြည်ထား ချစ်သူ
တစ်ချိန်မှာ တို့နှစ်ယောက်နီးရမယ်
ဒီလိုနဲ့ တရွေ့ ရွေ့
တစ်နေ့တစ်လံ ပုဂံဘယ်ရွှေ့ မလဲ။
ကဗျာ ၎
နှစ်ယောက်တစ်ကမ္ဘာ အတူတည်ဆောက်
အတူလျောက်ခဲ့ လမ်းများစွာ
တစ်ခုကိုတစ်ဦး ကြင်နာယုယဖေးမ
ဒုက္ခနဲ့သုခ မျှဝေရင်း
တွဲလက်တွေ ခိုင်ခိုင်မြဲလျက်ပေါ့
မက်ကောင်းတုန်း အိပ်မက်
အခိုးခံလိုက်ရတယ်
ဒဏ်ရာရသားရဲလို လူးလွန့်နိုးထ
ပဲတင်သံမဲ့ အကြိမ်ကြိမ်အော်ဟစ်
ငါကမ္ဘာမှာ
ကောင်းကင်တွေ အထပ်ထပ်ပြို
မြေပြင်မှာ တောလဲ
မီးတောင်တွေ အကြိမ်ကြိမ်ပေါက်လို့
ပင်လယ်ပြင် မုန်တိုင်းထန်
ငါ့နှလုံးသားအိပ်မက် ကြေပျက်ခဲ့တယ်
မင်းရှေ့ မှာ အပြုံးတစ်ခုနဲ့ ဖုံးကွယ်လို့
နှလုံးသားမှာ အထပ်ထပ်ငို
ငါ့ကမ္ဘာငရဲကျခဲ့တာ
မင်းမသိစေချင်ဘူး
အတူလျောက်ခဲ့ လမ်းများစွာ
တစ်ခုကိုတစ်ဦး ကြင်နာယုယဖေးမ
ဒုက္ခနဲ့သုခ မျှဝေရင်း
တွဲလက်တွေ ခိုင်ခိုင်မြဲလျက်ပေါ့
မက်ကောင်းတုန်း အိပ်မက်
အခိုးခံလိုက်ရတယ်
ဒဏ်ရာရသားရဲလို လူးလွန့်နိုးထ
ပဲတင်သံမဲ့ အကြိမ်ကြိမ်အော်ဟစ်
ငါကမ္ဘာမှာ
ကောင်းကင်တွေ အထပ်ထပ်ပြို
မြေပြင်မှာ တောလဲ
မီးတောင်တွေ အကြိမ်ကြိမ်ပေါက်လို့
ပင်လယ်ပြင် မုန်တိုင်းထန်
ငါ့နှလုံးသားအိပ်မက် ကြေပျက်ခဲ့တယ်
မင်းရှေ့ မှာ အပြုံးတစ်ခုနဲ့ ဖုံးကွယ်လို့
နှလုံးသားမှာ အထပ်ထပ်ငို
ငါ့ကမ္ဘာငရဲကျခဲ့တာ
မင်းမသိစေချင်ဘူး
ကဗျာ ၃
ချမ်းအေးတဲ့ဆောင်းရာသီညနက်
ဒဏ်ရာရ ငါ့နှလုံးသားပေါ်
ဆီနှင်းတွေအငြိုးကြီးစွာရွာချ
နွေးထွေးတဲ့လက်တစ်စုံက အုပ်မိုးကာပေးထားတယ်
မလုပ်နဲ့ချစ်သူ မလုပ်ပါနဲ့
မင်းလက်တွေအေးမှာ ငါစိုးတယ်
ဒီလမ်းကို ဘယ်သူမှ မလျောက်ချင်
မမျှော်လင့်ထားကြပေမယ့်
ကံကြမ္မာ ဒီအခြေအနေဖြစ်လာခဲ့တော့
ဒီလမ်းကို ငါလျောက်မယ်
ငါခံနိုင်ရည်ရှိပါတယ် ချစ်သူ
ဆုပ်ကိုင်ခွင့်မရှိတဲ့ မင်းလက်လေးတွေ
ထွေးဖက်ခွင့်မရှိတဲ့ မင်းခန္ဓာ
နမ်းရှိုက်ခွင့်မရှိတဲ့ မင်းပါးပြင်နဲ့
အတူလျောက်ခွင့်မရှိတဲ့ မင်းခြေထောက်တွေ
ဘာပဲဖြစ်ဖြစ်
မင်းပျော်မယ်ဆို ငါကျေနပ်ပါရဲ့
မင်းအပြုံးတစ်ချက် ငါ့အတွက်ဖြစ်တည်ခဲ့ရင်
ဘယ်လောက်မြင့်ပါစေ ဒီတောင်ကို ငါကျော်မယ်
ဘယ်လောက်နက်ပါစေ ဒီတောကို ငါဖြတ်မယ်
ဘယ်လောက်ကျယ်ပါစေ ဒီပင်လယ် ငါကူးမယ်
ဘယ်လောက်ဝေးပါစေ ဒီခရီးကို ငါလျောက်မယ်.......
ဒဏ်ရာရ ငါ့နှလုံးသားပေါ်
ဆီနှင်းတွေအငြိုးကြီးစွာရွာချ
နွေးထွေးတဲ့လက်တစ်စုံက အုပ်မိုးကာပေးထားတယ်
မလုပ်နဲ့ချစ်သူ မလုပ်ပါနဲ့
မင်းလက်တွေအေးမှာ ငါစိုးတယ်
ဒီလမ်းကို ဘယ်သူမှ မလျောက်ချင်
မမျှော်လင့်ထားကြပေမယ့်
ကံကြမ္မာ ဒီအခြေအနေဖြစ်လာခဲ့တော့
ဒီလမ်းကို ငါလျောက်မယ်
ငါခံနိုင်ရည်ရှိပါတယ် ချစ်သူ
ဆုပ်ကိုင်ခွင့်မရှိတဲ့ မင်းလက်လေးတွေ
ထွေးဖက်ခွင့်မရှိတဲ့ မင်းခန္ဓာ
နမ်းရှိုက်ခွင့်မရှိတဲ့ မင်းပါးပြင်နဲ့
အတူလျောက်ခွင့်မရှိတဲ့ မင်းခြေထောက်တွေ
ဘာပဲဖြစ်ဖြစ်
မင်းပျော်မယ်ဆို ငါကျေနပ်ပါရဲ့
မင်းအပြုံးတစ်ချက် ငါ့အတွက်ဖြစ်တည်ခဲ့ရင်
ဘယ်လောက်မြင့်ပါစေ ဒီတောင်ကို ငါကျော်မယ်
ဘယ်လောက်နက်ပါစေ ဒီတောကို ငါဖြတ်မယ်
ဘယ်လောက်ကျယ်ပါစေ ဒီပင်လယ် ငါကူးမယ်
ဘယ်လောက်ဝေးပါစေ ဒီခရီးကို ငါလျောက်မယ်.......
ကဗျာ ၂
မနီးစပ်နိုင်ဘူးဆိုတာသိတယ်
ဒါပေမဲ့ ချစ်မိသွားခဲ့တယ်
ဆိုင်သူရှိလည်း နားလည်ပေးမိခဲ့တယ်
မပေါင်းစည်းနိုင်ဘူးဆိုတာသိတယ်
ဒါပေမဲ့ စိတ်ကူးတွေ တပွေ့တစ်ပိုက်ယဉ်ဖူးခဲ့တယ်
အဝေးကပဲတိတ်တိတ်လေးချစ်ရမယ်ဆို တာ
နားလည်တယ်...
ဒါပေမဲ့ သူ့ဘေးမှာပဲရှိချင်ခဲ့တယ်
မပြောသင့်ဘူးဆိုတာ သိခဲ့တယ်
ဒါပေမဲ့ မမြိုသိပ်နိုင်ခဲ့ဘူး
သူ့စိတ်ထဲမှာသာ ရှိမယ်ဆို
ဝေးဝေးကပဲ တစ်ဖက်သတ်ချစ်ရမယ်ဆိုလဲ
ကျေနပ်ပါတယ်...
သူ့ကိုအရာရာနားလည်ပေးနိုင်တဲ့သူ တစ်ယောက်အဖြစ်
သူ့ကိုနွေးထွေးမှု့ပေးနိုင်တဲ့ လူတစ်ယောက်အဖြစ်
ပျော်ရွင်မှု့တွေပေးနိုင်တဲ့လူ တစ်ယောက်အဖြစ်
အရာအရာဖြည့်စည်းပေးနိုင်တဲ့လူ တစ်ယောက်အဖြစ်
ဘေးမှာရှိချင်ဆဲပဲ.....
အခုထိလည်း ရှိနေဆဲပဲ...
အပေါ်ယံအခေါ်အဝေါတွေပြောင်းလဲသွား ရင်တောင်
အရင်ကချစ်ခဲ့တဲ့ပုံစံအတိုင်းချ စ်နေဦးမှာပဲ...
ဒါပေမဲ့ ချစ်မိသွားခဲ့တယ်
ဆိုင်သူရှိလည်း နားလည်ပေးမိခဲ့တယ်
မပေါင်းစည်းနိုင်ဘူးဆိုတာသိတယ်
ဒါပေမဲ့ စိတ်ကူးတွေ တပွေ့တစ်ပိုက်ယဉ်ဖူးခဲ့တယ်
အဝေးကပဲတိတ်တိတ်လေးချစ်ရမယ်ဆို
နားလည်တယ်...
ဒါပေမဲ့ သူ့ဘေးမှာပဲရှိချင်ခဲ့တယ်
မပြောသင့်ဘူးဆိုတာ သိခဲ့တယ်
ဒါပေမဲ့ မမြိုသိပ်နိုင်ခဲ့ဘူး
သူ့စိတ်ထဲမှာသာ ရှိမယ်ဆို
ဝေးဝေးကပဲ တစ်ဖက်သတ်ချစ်ရမယ်ဆိုလဲ
ကျေနပ်ပါတယ်...
သူ့ကိုအရာရာနားလည်ပေးနိုင်တဲ့သူ
သူ့ကိုနွေးထွေးမှု့ပေးနိုင်တဲ့
ပျော်ရွင်မှု့တွေပေးနိုင်တဲ့လူ
အရာအရာဖြည့်စည်းပေးနိုင်တဲ့လူ
ဘေးမှာရှိချင်ဆဲပဲ.....
အခုထိလည်း ရှိနေဆဲပဲ...
အပေါ်ယံအခေါ်အဝေါတွေပြောင်းလဲသွား
အရင်ကချစ်ခဲ့တဲ့ပုံစံအတိုင်းချ
ပြန်လည်ခံစားခြင်း
ပန်းချီးဆွဲခြင်းက ငါ့ကိုအသက်သွင်းလိုက်တဲ့နေ့ကစြ ပီး
တစ်ရက်ပြီးတစ်ရက် ငါ့နှလုံးသားကို လှုပ်နိုးခဲ့
ပထမဆုံးစုတ်ချက် လမ်းမထက်က စခဲ့တယ်
အဲကစပြီး ကောင်းကင်နဲ့လမင်း ငါ့အခန်း ငါ့အိပ်မက် ငါ့မျှော်လင့်ချက် ငါ့အနာဂတ် .............
တစ်စ နဲ့ တစ်စ ပုံရိပ်တွေများလာတဲ့တစ်နေ့
ငါ့ကိုယ်ငါသတိထားလိုက်မိတဲ့နေမှာပဲ
ငါ့နှလုံးသားပြခန်းမှာ အရောင်မဲ့စုတ်ချက်တွေအပြည့်နဲ့ေ ပါ့
တစ်ရက်ပြီးတစ်ရက် ငါ့နှလုံးသားကို လှုပ်နိုးခဲ့
ပထမဆုံးစုတ်ချက် လမ်းမထက်က စခဲ့တယ်
အဲကစပြီး ကောင်းကင်နဲ့လမင်း ငါ့အခန်း ငါ့အိပ်မက် ငါ့မျှော်လင့်ချက် ငါ့အနာဂတ် .............
တစ်စ နဲ့ တစ်စ ပုံရိပ်တွေများလာတဲ့တစ်နေ့
ငါ့ကိုယ်ငါသတိထားလိုက်မိတဲ့နေမှ
ငါ့နှလုံးသားပြခန်းမှာ အရောင်မဲ့စုတ်ချက်တွေအပြည့်နဲ့ေ
ကဗျာ ၁
ငါဟာ ပန်းချီဆွဲတာကိုရွေးချယ်လိုက် တဲ့ နေ့ကစပြီး
တစ်ရက်ပြီးတစ်ရက် ပုံတွေဆွဲခဲ့တာပေါ့...
ငါလမ်းမကြီးကိုကြည့်ပြီး
ပထမဆုံး ပန်းချီကားတစ်ခုဖန်တီးခဲ့တယ်...
နောက် ကောင်းကင်နဲ့လမင်းကြီးကိုကြည့်ြ ပီး
ပန်းချီကားတွေဖန်တီး ခဲ့သေးတယ်
ငါ့အခန်းနံရံတွေကြည့်ပြီး
ငါပုံတွေဆွဲခဲ့တယ်...
ငါသွားနေကျ နေရာတွေကိုလည်း
ငါအသက်သွင်းခဲ့ တယ်...
ငါနားထောင်နေကျသီချင်းတွေကို
ပုံဖော်ခဲ့တယ်...
ဒီလိုနဲ့ ငါပန်းချီကားတွေများလာတဲ့ တစ်နေ့....
ငါ့အခန်းထောင့်မှာ ပန်းချီကားတွေပုံလာတဲ့ တစ်နေ့...
တစ်နေ့... ... ...ငါသတိထားမိခဲ့တဲ့ တစ်နေ့
ငါ့ပန်းချီကားတွေမှာ ဘာစုတ်ချက် မှ မရှိခဲ့ဘူး
တစ်ရက်ပြီးတစ်ရက် ပုံတွေဆွဲခဲ့တာပေါ့...
ငါလမ်းမကြီးကိုကြည့်ပြီး
ပထမဆုံး ပန်းချီကားတစ်ခုဖန်တီးခဲ့တယ်...
နောက် ကောင်းကင်နဲ့လမင်းကြီးကိုကြည့်ြ
ပန်းချီကားတွေဖန်တီး ခဲ့သေးတယ်
ငါ့အခန်းနံရံတွေကြည့်ပြီး
ငါပုံတွေဆွဲခဲ့တယ်...
ငါသွားနေကျ နေရာတွေကိုလည်း
ငါအသက်သွင်းခဲ့ တယ်...
ငါနားထောင်နေကျသီချင်းတွေကို
ပုံဖော်ခဲ့တယ်...
ဒီလိုနဲ့ ငါပန်းချီကားတွေများလာတဲ့ တစ်နေ့....
ငါ့အခန်းထောင့်မှာ ပန်းချီကားတွေပုံလာတဲ့ တစ်နေ့...
တစ်နေ့... ... ...ငါသတိထားမိခဲ့တဲ့ တစ်နေ့
ငါ့ပန်းချီကားတွေမှာ ဘာစုတ်ချက် မှ မရှိခဲ့ဘူး
Subscribe to:
Posts (Atom)